Skip to main content

၂၀၂၂ ဖေဖေါ်ဝါရီလ တွင် စတင် အသက်ဝင်လာမယ့် UAE အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ အသစ်

 


၂၀၂၂ ဖေဖေါ်ဝါရီလ မှာ စတင်ကျင့်သုံးမယ့် UAE ရဲ့ အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ

UAE အလုပ် သမား ဥပဒေ အမှတ် ၂၀၂၁ အပိုဒ် ၉ ပုဒ်မ ၃၃ အောက်ပါအတိုင်း အစမ်းခန့် ကာလနှင့် ၎င်းနှင့် ပတ်သက်သော ဥပဒေများကို ဖော်ပြထားပါသည်။
အစမ်းခန့် ကာလသည် အများဆုံး ခြောက်လတာ ကာလ အတွက် ဖြစ်နိုင်သည်။
အလုပ်ရှင်သည် အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်ချင်ုလျှင် ၎င်းအလုပ်သမား ကို ၁၄ ရက် ကြိုတင် အသိပေး( 14 days notice) ပေးရန်လိုအပ်သည်။
အလားတူ အလုပ်သမားတစ်ယောက်သည်လည်း UAE ကနေ ထွက်ခွာချင်လျှင် ၁၄ ရက်ကြိုတင် အသိပေးရမည်ဖြစ်သည်။ အလုပ်သမားသည် ၃ လ တာကာလအတွင်း UAE Work Permit ကို မရနိုင်ကြောင်းနှင့် သူသည် ထွက်ခွာချိန် ၃ လ အတွင်း အလုပ်တစ်ခု ရရှိခဲ့လျှင် သူ၏ အလုပ်ရှင်အသစ်သည် အလုပ်ရှင်ဟောင်းအား စုဆောင်းရေး ကုန်ကျစရိတ်များကို ပေးဆောင်ရန် လိုအပ်သည်။
အလုပ်သမားသည် အလုပ်ပြောင်းရန် ဆန္ဒရှိလျှင် သူသည် တစ်လ ကြိုတင် သတိပေး (one month notice) ရန်လိုအပ်ပြီး သူ၏ အလုပ်ရှင် အသစ် သည် အလုပ်ရှင်ဟောင်း၏ အလုပ်သမားခေါ်ယူမှု ကုန်ကျစရိတ်များကို ပေးချေရမည်ဖြစ်သည်။
အသိပေးကာလကို လိုက်နာမှု မရှိသည့် အလုပ်ရှင်/ အလုပ်သမားသည် အသိပေးကာလ၏ အလုပ်သမား၏ လုပ်အားခနှင့် ညီမျှ သော လျော်ကြေးပေးရန် လိုအပ်သည်။
UAE မှ ထွက်ခွာသော နိုင်ငံခြားသား တစ်ဦးသည် အလုပ်သမား ဥပဒေ၏ အပိုဒ် ၆ ကို မလိုက်နာဘဲ ထွက်ခွာသွားသော နိုင်ငံခြားသား တစ်ဦးကို သူ၏ ထွက်ခွာသည့် ရက်စွဲမှ တစ်နှစ် ( MOHRE #ban ) ကာလ အလုပ်ခွင့်ပြုချက် ပိတ်ပင်ခံရမည် ဖြစ်သည်။ သို့သော် ဝန်ကြီးဌာနသည် ထိုပိတ်ပင်မှုမှ အလုပ်အကိုင်အမျိုးအစားအချို့နှင့် ကျွမ်းကျင်မှုအဆင့်အချို့ကို ခြွင်းချက် ကင်းလွတ်စေနိုင်မည်ဖြစ်သည်။


Comments

Popular posts from this blog

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...