Skip to main content

Posts

Showing posts with the label outdoor camp

ယူအေအီးနိုင်ငံ အနောက်ပိုင်း Sir Bani Yas ကျွန်းပေါ်က သဘာဝသားရိုင်းဥယျာဥ်နဲ့ အပန်းဖြေစခန်း

ယူအေအီးကိုရောက်ရင် မဖြစ်မနေ သွား‌ရောက်လည်ပတ်သင့်တဲ့‌နေရာတစ်ခုက အဘူဒါဘီရဲ့ သမိုင်း၀င်မှတ်တိုင်တစ်ခုဖြစ်တဲ့ Sir Bani Yas Island (ဆာ ဘန်နီယာ့စ်ကျွန်း)ပဲဖြစ်ပါတယ်။ ဒီကျွန်းကို ဒူဘိုင်းကနေလာရင် ၃၀၀ကီလိုမီတာလောက်‌‌‌ဝေးပြီး အဘူဒါဘီမြို့ကနေဆိုရင်တော့ ၂၀၀ကီလိုမီတာ နီးပါးလောက်ဝေးပါတယ်။မြို့ပြရဲ့ မွမ်းကျပ်မှုတွေကနေရုန်းထွက်ပြီး သဘာဝနဲ့ခေတ္တခဏ အသားတကျနေချင်သူတွေအတွက်တော့ လုံးဝ ဧဒင်ဥယျာဥ်ကြီးတစ်ခုဆိုလဲ မမှားတဲ့ နေရာပေါ့။ Sir Bani Yas Island (ဆာ ဘန်နီ ယက်စ်ကျွန်း) ဟာ Al Dhafra (ယူအေအီးနိုင်ငံ အနောက်ပိုင်းဒေသ လွတ်လပ်‌နေတဲ့ ကန္တာရလွင်ပြင်ကြီး) ဒေသကြီးထဲက ကျွန်းကြီး ရှစ်ကျွန်းထဲက တစ်ကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာမြင်တွေ့ရမှာကတော့ သမိုင်းဝင်နေရာတွေ၊ အထိန်းအမှတ်ကျောက်တုံးတွေနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်းနေထိုင်ကျက်စားနေပုံတွေအပြင် မိသားစုအလိုက်စွန့်စားခန်းဖွင့်နိုင်တဲ့ စိတ်လှုပ်ရှားစရာနည်းလမ်းတွေ ကြယ်ငါးပွင့်ဟိုတယ်နဲ့ အဆင့်မြင့်ဗီလာ အဆောက်အဦးတွေ အပြင်အခြားစိတ်ဝင်တစားလေ့လာစရာတွေ အများကြီးကိုလဲ တွေ့ရမှာပါ။  ကမ္ဘာ့ဦးဆောင်သော ရေရှည်တည်တံ့မှု ခရီးသွားပန်းတိုင်ဆု အဖြစ် ၂၀၁၄ခုနှစ်...

ထောင့်တစ်ညပုံပြင်ရွာ (Arabian Nights Village)

  ဒဏ္ဍာရီလာ ပုံပြင်တွေထဲက ကျွန်တော်တို့တွေနဲ့ မစိမ်းလွန်းတဲ့ နံမည်လေးနဲ့၊ နေရာနဲ့ ရှုခင်းတွေကလည်း ရင်သပ်ရှုမောဖွယ်ကောင်းပြီး မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ခဏတာလွတ်မြောက်ချင်သူတွေအတွက် Al Ain နဲ့ Abu Dhabi မြို့ပြင် သဲကန္တာရ အစပ်က Arabian Nights Village ( ထောင့်တစ်ညပုံပြင်ရွာ) လေးက UAE ကိုလာလည်တဲ့သူတိုင်းသွားသင့်တယ့်နေရာတစ်ခုပါ။ အီမာရတီတွေရဲ့ စစ်မှန်တဲ့ဘ၀၊ ရိုးရာအသွင်အပြင်နဲ့ အလှအပတွေကို ခံစားဖို့ ခရီးသွားတွေအတွက် ဖန်တီးထားတဲ့ Arabian Nights Village ဆိုတဲ့ သဲကန္တာရတောင်ကုန်းတွေကြားထဲမှာ၀ှက်ထားတဲ့ ဟိုတယ်တစ်ခု တစ်နည်းပြောရရင် နှစ်လိုဖွယ်ပုံပြင်ဟောင်းထဲကရွာတစ်ရွာကိုရောက်ပြီး ကိုယ်တိုင်ပုံပြင်ထဲက ဇာတ်ကောင်လိုခံစားစေနိုင်တဲ့နေရာ။  ကင်းမျှော်စင်နှစ်ခု ခြံဝင်းထဲ၀င်လာရင်ပထမဆုံးတွေ့ရမှာက ရိုးရာပုံစံ ကင်းမျှော်စင်နှစ်ခုပါ။ Zakher (ဇခ်ခါ)နဲ့ Al Manhal(အယ်လ် မန်ဟာလ်) ဆိုပြီး ယူအေ အီးနိုင်ငံ တည်ထောင် ခဲ့သူ ကွယ်လွန်သွားတဲ့  Sheikh Zayed Bin Sultan Al Nahyan( ရှိတ် ဇေးဒ် ဘင် စူလတန် အယ်နာဟိုင်ယန်) ရဲ့နေအိမ်များအဖြစ် နံမည်ပေးခဲ့တယ်။ တည်းခိုရာနေရာလေးမျိုး Bedouin လူမျိုးတွေနေထိုင်တဲ့ပုံစံ တ...