ယူအေအီးကိုရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုက အဘူဒါဘီရဲ့ သမိုင်း၀င်မှတ်တိုင်တစ်ခုဖြစ်တဲ့ Sir Bani Yas Island (ဆာ ဘန်နီယာ့စ်ကျွန်း)ပဲဖြစ်ပါတယ်။ ဒီကျွန်းကို ဒူဘိုင်းကနေလာရင် ၃၀၀ကီလိုမီတာလောက်ဝေးပြီး အဘူဒါဘီမြို့ကနေဆိုရင်တော့ ၂၀၀ကီလိုမီတာ နီးပါးလောက်ဝေးပါတယ်။မြို့ပြရဲ့ မွမ်းကျပ်မှုတွေကနေရုန်းထွက်ပြီး သဘာဝနဲ့ခေတ္တခဏ အသားတကျနေချင်သူတွေအတွက်တော့ လုံးဝ ဧဒင်ဥယျာဥ်ကြီးတစ်ခုဆိုလဲ မမှားတဲ့ နေရာပေါ့။ Sir Bani Yas Island (ဆာ ဘန်နီ ယက်စ်ကျွန်း) ဟာ Al Dhafra (ယူအေအီးနိုင်ငံ အနောက်ပိုင်းဒေသ လွတ်လပ်နေတဲ့ ကန္တာရလွင်ပြင်ကြီး) ဒေသကြီးထဲက ကျွန်းကြီး ရှစ်ကျွန်းထဲက တစ်ကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာမြင်တွေ့ရမှာကတော့ သမိုင်းဝင်နေရာတွေ၊ အထိန်းအမှတ်ကျောက်တုံးတွေနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်းနေထိုင်ကျက်စားနေပုံတွေအပြင် မိသားစုအလိုက်စွန့်စားခန်းဖွင့်နိုင်တဲ့ စိတ်လှုပ်ရှားစရာနည်းလမ်းတွေ ကြယ်ငါးပွင့်ဟိုတယ်နဲ့ အဆင့်မြင့်ဗီလာ အဆောက်အဦးတွေ အပြင်အခြားစိတ်ဝင်တစားလေ့လာစရာတွေ အများကြီးကိုလဲ တွေ့ရမှာပါ။ ကမ္ဘာ့ဦးဆောင်သော ရေရှည်တည်တံ့မှု ခရီးသွားပန်းတိုင်ဆု အဖြစ် ၂၀၁၄ခုနှစ်...
uae visa service and world travel section