Skip to main content

Posts

Showing posts with the label ယဉ်ကျေးမှု

ယူအေအီးနိုင်ငံ၏ ယဉ်ကျေးမှု

  အီမရိတ် ယဉ်ကျေးမှုသည် အာရပ် ယဉ်ကျေးမှု ပေါ်တွင် အခြေခံထားပြီး ပါရှား၊ အိန္ဒိယ နှင့် အရှေ့အာဖရိက ယဉ်ကျေးမှုတို့မှလည်း လွှမ်းမိုးမှု ရှိသည်။   အာရပ် နှင့် ပါရှား ပုံစံယူထားသော ဗိသုကာ လက်ရာတို့မှာ ဒေသခံ အီမရိတ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ပြဆိုနေခြင်းပင် ဖြစ်သည်။   အီမရိတ် ယဉ်ကျေးမှုတွင် ပါရှား ယဉ်ကျေးမှု အငွေ့အသက်များ ဖုံးလွမ်းနေသည်ကို ရိုးရာ အီမရိတ် ဗိသုကာ လက်ရာများနှင့် ကျေးလက် အနုပညာတို့တွင် သိသာစွာ တွေ့နိုင်သည်။     ဥပမာအားဖြင့် ဘာဂျီးလ် ( barjeel  )  ခေါ် လေခံများမှာ ရိုးရာ အီမရိတ် ဗိသုကာ ပညာ၏ အမှတ်အသား တစ်ခု ဖြစ်ပြီး ပါရှား ဗိသုကာ၏ ဩဇာ သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အမျိုးမျိုး ကွဲပြားနေသော လူ့အဖွဲ့အစည်း ရှိသည်။    အများပြည်သူ အားလပ်ရပ်များတွင် ရာမဒန် ဥပုသ်လ ကုန်ဆုံးသည့် နေ့ဖြစ်သော အစ်ဒ် နေ့ နှင့် အမျိုးသားနေ့ သို့မဟုတ် အာရပ်စော်ဘွားများ ပြည်ထောင်စုကို စတင်တည်ထောင်သည့် နေ့ ဒီဇင်ဘာ ၂ ရက် တို့ သည် အဓိက အားလပ်ရက်များဖြစ်ကြသည်။    အီမရိတ်အမျိုးသားများမှာ ခြေချင်းဝတ်ထိ ရှည်လျားပြီး အဖြူရောင် သိုးမွေး ...