Skip to main content

ယူအေအီးနိုင်ငံ၏ ယဉ်ကျေးမှု

 အီမရိတ် ယဉ်ကျေးမှုသည် အာရပ် ယဉ်ကျေးမှု ပေါ်တွင် အခြေခံထားပြီး ပါရှား၊ အိန္ဒိယ နှင့် အရှေ့အာဖရိက ယဉ်ကျေးမှုတို့မှလည်း လွှမ်းမိုးမှု ရှိသည်။ အာရပ် နှင့် ပါရှား ပုံစံယူထားသော ဗိသုကာ လက်ရာတို့မှာ ဒေသခံ အီမရိတ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ပြဆိုနေခြင်းပင် ဖြစ်သည်။ အီမရိတ် ယဉ်ကျေးမှုတွင် ပါရှား ယဉ်ကျေးမှု အငွေ့အသက်များ ဖုံးလွမ်းနေသည်ကို ရိုးရာ အီမရိတ် ဗိသုကာ လက်ရာများနှင့် ကျေးလက် အနုပညာတို့တွင် သိသာစွာ တွေ့နိုင်သည်။  ဥပမာအားဖြင့် ဘာဂျီးလ် (barjeel ) ခေါ် လေခံများမှာ ရိုးရာ အီမရိတ် ဗိသုကာ ပညာ၏ အမှတ်အသား တစ်ခု ဖြစ်ပြီး ပါရှား ဗိသုကာ၏ ဩဇာ သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အမျိုးမျိုး ကွဲပြားနေသော လူ့အဖွဲ့အစည်း ရှိသည်။  အများပြည်သူ အားလပ်ရပ်များတွင် ရာမဒန် ဥပုသ်လ ကုန်ဆုံးသည့် နေ့ဖြစ်သော အစ်ဒ် နေ့ နှင့် အမျိုးသားနေ့ သို့မဟုတ် အာရပ်စော်ဘွားများ ပြည်ထောင်စုကို စတင်တည်ထောင်သည့် နေ့ ဒီဇင်ဘာ ၂ ရက် တို့ သည် အဓိက အားလပ်ရက်များဖြစ်ကြသည်။  အီမရိတ်အမျိုးသားများမှာ ခြေချင်းဝတ်ထိ ရှည်လျားပြီး အဖြူရောင် သိုးမွေး သို့မဟုတ် ချည်ဖြင့် ရက်လုပ်ထားသော ကန်ဒူရာခေါ် အဝတ်အစားကို ကြိုက်နှစ်သက်ကြပြီး အီမရိတ် အမျိုးသမီး များမှာမူ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို ဖုံးလွှမ်းထားသော အပေါ်ဝတ် ဖြစ်သည့် အာဘာယာကို ဝတ်ဆင်ကြသည်။

ရှေးခေတ် အီမရိတ် ကဗျာများတွင် ၈ ရာစု အာရပ် ပညာရှင် အယ်လ် ခါလေး ဘင် အာမက်(Al Khalil bin Ahmed)၏ လွှမ်းမိုးမှုများကို အထင်အရှား တွေ့ရသည်။ ယူအေအီးတွင် အစောဆုံး အဖြစ် မှတ်တမ်း တင်ထားသော ကဗျာဆရာမှာ အီဘင် မာဂျစ် (Ibn Majid) ဖြစ်ပြီး ၁၄၃၂ ခုနှစ် နှင့် ၁၄၃၇ ခုနှစ်ကြားတွင် ရပ်စ် အယ်လ် ခိုင်းမား၌ မွေးဖွားခဲ့သည်။ အထင်ရှားဆုံးသော အီမရိတ် စာရေးဆရာများမှာ မူဘာရတ် အယ်လ် အိုခေးလီ (Mubarak Al Oqaili) (၁၈၈၀-၁၉၅၄)၊ ဆာလမ် ဘင် အလီ အယ်လ် အိုဝိုက်စ် (Salem bin Ali al Owais) (၁၈၈၇-၁၉၅၉) နှင့် အာမက် ဘင် ဆူလာယမ် ( Ahmed bin Sulayem) (၁၉၀၅-၁၉၇၆) တို့ ဖြစ်ကြသည်။ ဟီယာ အဖွဲ့ ( Hirah Group)ဟု သိကြသော ရှာဂျားမှ ကဗျာဆရာ သုံးဦးမှာ အပိုလို နှင့် အချစ်ကဗျာတို့၏ လွှမ်းမိုးမှုများ အထင်အရှား ရှိသည်ကို ကို တွေ့နိုင်သည်။  ရှာဂျား အပြည်ပြည်ဆိုင်ရာ စာအုပ်ပွဲတော်သည် နိုင်ငံအတွင်း ရှေးအကျဆုံး နှင့် အကြီးကျယ်ဆုံး ဖြစ်သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ပြတိုက်များတွင် ဒေသအတွင်း နာမည်ရှိသော ပြတိုက် အချို့ ရှိပြီး နာမည် အကျော်ကြားဆုံးမှာ ရှာဂျာရှိ ပြတိုက် ၁၇ ခု ပါဝင်သော အမွေခံ နယ်မြေ ဖြစ်ကာ  ၁၉၉၈ ခုနှစ်တွင် အာရပ်ကမ္ဘာ၏ ယဉ်ကျေးမှု မြို့တော် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။  ဒူဘိုင်းတွင်မူ အယ်လ်ကွာဇ် (Al Quoz) တွင် ပန်းချီပြခန်း အများအပြား ရှိပြီး  ပုဂ္ဂလိက ပြတိုက်များလည်း ရှိသည်။ အဘူဒါဘီတွင်မူ ဆာဒီယတ်ကျွန်း (Saadiyat Islandပေါ်တွင် ယဉ်ကျေးမှု ရပ်ကွက်ကို တည် ထောင်ထားသည်။ စီမံကိန်း အကြီးစား ၆ ခုကို စီစဉ်နေပြီး ဂူဂန်ဟိုင်း အဘူဒါဘီ (Guggenheim Abu Dhabiနှင့် လိုဗာ    အဘူဒါဘီ (Louvre Abu Dhabiတို့ အပါအဝင် ဖြစ်သည်။  ဒူဘိုင်းတွင်လည်း ကွန်းစ်သဲလ် ပြတိုက် ( Kunsthal museum) နှင့် ပြခန်းများ အနုပညာရှင်များ အတွက် ရပ်ကွက် တစ်ခုကို တည်ဆောက်ရန် စီစဉ်နေသည်။

ဖိုင်:Yowalah.ogv
ယူအေအီး၏ ရိုးရာအက ဖြစ်သော ယိုဝါလာ

အီမရိတ် ယဉ်ကျေးမှုသည် အရှေ့ အာရေဗျ ယဉ်ကျေးမှု၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ လီဝါသည် ဒေသအတွင်း သီဆိုကခုန်လေ့ ရှိသော ဂီတ နှင့် အက အမျိုးအစား ဖြစ်ပြီး အာဖရိက ဂရိတ်လိတ် ဒေသမှ ဘန်တူ လူမျိုးတို့မှ ဆင်း သက် လာသော အသိုင်းအဝိုင်းတွင် အဓိက ဖြစ်သည်။  ဒူဘိုင်း ကန္တာရ ရော့ခ် ဂီတ ပွဲတော်သည် ဟဲဗီး မက်တယ်လ် နှင့် ရော့ခ် ဂီတပညာရှင်များ ပါဝင်သော အဓိကပွဲတော် တစ်ခု ဖြစ်သည်။  အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ရုပ်ရှင်ရုံ အနည်းငယ်သာ ရှိသော်လည်း တိုးချဲ့လျက် ရှိသည်။


အစားအသောက်

အီမရိတ်တို့၏ ရိုးရာအစားအစာမှာ ထမင်း၊ ငါးနှင့် အသားတို့သာ အမြဲဖြစ်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ လူများမှာ ၎င်းတို့၏ အစားအစာများကို အနောက်နှင့်တောင် အာရှနိုင်ငံများမှ မွေးစားထားပြီး အီရန်၊ ဆော်ဒီအာရေဗျ၊ ပါကစ္စတန် နှင့် အိုမန် နိုင်ငံတို့မှ ပါဝင်သည်။ ပင်လယ်စာမှာ အဲမရိတ်တို့၏ အဓိက အစားအစာအဖြစ် ရာစုနှစ်ပေါင်း များစွာကပင် ရှိခဲ့သည်။ အသား နှင့် ထမင်းတို့မှာ ပင်မ အစားအစာများ ဖြစ်ကာ သိုးသား ၊ ဆိတ်သား နှင့် အမဲသားတို့ဖြင့် ပိုမိုတွဲဖက်စားသောက်ရန် နှစ်ခြိုက်ကြသည်။ ထင်ရှားသော သောက်စရာများမှာ ကော်ဖီ နှင့် လက်ဖက်ရည်တို့ဖြစ်ပြီး ၎င်းတို့အား ဖာလာ၊ saffron နှင့် ပူဒီနာတို့ဖြင့် အရသာ ဖြည့်စွက်ကာ ပိုမိုကောင်းမွန်သောအရသာ ထွက်အောင် ပြုလုပ်ကြသည်။ အမြန်ပြင်        အသင့်စား အစားအစာများမှာ လူငယ်များ အကြားတွင် ရေပန်းစားလွန်းလှသဖြင့် အမြန်ပြင် အစားအစာများ အလွန်အကျွံ စားသုံးခြင်း သည် အန္တရာယ်ရှိကြောင်းကို မီးမောင်းထိုး ပြသမည့် ကန်ပိန်းများကို စတင်လုပ်ကိုင် နေရသည်။ အရက်ကို ဟိုတယ် စားသောက်ဆိုင်များနှင့် ဘားများတွင်သာ ရရှိနိုင်ပြီး  နိုက်ကလပ် အားလုံးမှာ အရက်ရောင်းရန် ခွင့်ပြုထားသည်။ အချို့သော စူပါမားကက်များတွင် အရက်ရောင်းချခွင့် ပြုထားသော်လည်း သီးခြားနေရာတွင်သာ ရောင်းချရသည်။ အရက်ကို သောက်သုံးနိုင်သော်လည်း လူအများရှေ့တွင် မူးရူးနေခြင်း နှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သွေးထဲ၌ အရက် ရှိနေခြင်းတို့အား ဥပဒေမှ တားမြစ်ထားလေသည်။



UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like share နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။ 
MMT(minmyanmartravel) ရဲ့ YouTube ကိုလည်း Like Share နဲ့ Subscribe လေးတွေ လုပ်ပေးကြဖို့တောင်းဆိုပါတယ်နော် 💗 အလုပ်အကိုင်အသစ်တွေနဲ့ ခရီးသွား video လေးတွေကို စဥ်ဆက်မပြက်တင်ဆက်ပေးသွားပါမယ်။

ကိုးကားချက်; wikipediauae




Comments

Popular posts from this blog

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...