Skip to main content

Posts

Showing posts with the label အချက်အလက်

ယူအေအီးနိုင်ငံ၏ ယဉ်ကျေးမှု

  အီမရိတ် ယဉ်ကျေးမှုသည် အာရပ် ယဉ်ကျေးမှု ပေါ်တွင် အခြေခံထားပြီး ပါရှား၊ အိန္ဒိယ နှင့် အရှေ့အာဖရိက ယဉ်ကျေးမှုတို့မှလည်း လွှမ်းမိုးမှု ရှိသည်။   အာရပ် နှင့် ပါရှား ပုံစံယူထားသော ဗိသုကာ လက်ရာတို့မှာ ဒေသခံ အီမရိတ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ပြဆိုနေခြင်းပင် ဖြစ်သည်။   အီမရိတ် ယဉ်ကျေးမှုတွင် ပါရှား ယဉ်ကျေးမှု အငွေ့အသက်များ ဖုံးလွမ်းနေသည်ကို ရိုးရာ အီမရိတ် ဗိသုကာ လက်ရာများနှင့် ကျေးလက် အနုပညာတို့တွင် သိသာစွာ တွေ့နိုင်သည်။     ဥပမာအားဖြင့် ဘာဂျီးလ် ( barjeel  )  ခေါ် လေခံများမှာ ရိုးရာ အီမရိတ် ဗိသုကာ ပညာ၏ အမှတ်အသား တစ်ခု ဖြစ်ပြီး ပါရှား ဗိသုကာ၏ ဩဇာ သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အမျိုးမျိုး ကွဲပြားနေသော လူ့အဖွဲ့အစည်း ရှိသည်။    အများပြည်သူ အားလပ်ရပ်များတွင် ရာမဒန် ဥပုသ်လ ကုန်ဆုံးသည့် နေ့ဖြစ်သော အစ်ဒ် နေ့ နှင့် အမျိုးသားနေ့ သို့မဟုတ် အာရပ်စော်ဘွားများ ပြည်ထောင်စုကို စတင်တည်ထောင်သည့် နေ့ ဒီဇင်ဘာ ၂ ရက် တို့ သည် အဓိက အားလပ်ရက်များဖြစ်ကြသည်။    အီမရိတ်အမျိုးသားများမှာ ခြေချင်းဝတ်ထိ ရှည်လျားပြီး အဖြူရောင် သိုးမွေး ...

ယူအေအီးနိုင်ငံ၏ စီးပွားရေး

ယူအေအီးနိုင်ငံသည် GCC (gulf cooperation council) သို့မဟုတ် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး  အဖွဲ့ဝင် နိုင်ငံများတွင် ဆော်ဒီအာရေဗျ   နိုင်ငံ    ပြီးလျှင် ဒုတိယ မြောက် အကြီးဆုံး စီးပွားရေး     ရှိသော   နိုင်ငံ  ဖြစ်ပြီး     ၂၀၁၂   ခုနှစ်တွင်  စုစု ပေါင်း ပြည်တွင်း ထုတ်ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၇၇ ဘီလီယံ (၁.၃၈ ထရီလီယံ  အီမရိတ်   ဒါဟမ်) မျှ ရှိသည်။     ၁၉၇၁ ခုနှစ်  လွတ်လပ်ရေး   ရခဲ့သည့် အချိန်မှစ၍ ယူအေအီး၏ စီးပွားရေးသည် ၂၃၁ ဆ တိုးတက်လာခဲ့ပြီး ၂၀၁၃   ခုနှစ်တွင် အီမရိတ်  ဒါဟမ် ၁.၄၅  ထရီလီယံမျှ  ရှိလာခဲ့သည်။      ယူအေအီးသည်  ကမ္ဘာ့ဘဏ်အုပ်စုမှ ထုတ်ဝေသော ၂၀၁၆  ခုနှစ် အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင်  စီးပွားရေး နှင့်  အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအရ စီးပွားရေး လုပ်ရန် အကောင်းဆုံးနိုင်ငံများတွင် အဆင့် ၃၁ နေရာမှ ဖော်ပြခြင်း ခံထားရသည့်နိုင်ငံဖြစ်သည်။ ယူအေအီးသည် GCC နိုင်ငံများတွင် စီးပွားရေး အားဖြင့် နယ်ပယ် အစုံဆုံး ဖ...

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...