Skip to main content

Posts

Showing posts with the label အယ်အိမ်း

ထောင့်တစ်ညပုံပြင်ရွာ (Arabian Nights Village)

  ဒဏ္ဍာရီလာ ပုံပြင်တွေထဲက ကျွန်တော်တို့တွေနဲ့ မစိမ်းလွန်းတဲ့ နံမည်လေးနဲ့၊ နေရာနဲ့ ရှုခင်းတွေကလည်း ရင်သပ်ရှုမောဖွယ်ကောင်းပြီး မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ခဏတာလွတ်မြောက်ချင်သူတွေအတွက် Al Ain နဲ့ Abu Dhabi မြို့ပြင် သဲကန္တာရ အစပ်က Arabian Nights Village ( ထောင့်တစ်ညပုံပြင်ရွာ) လေးက UAE ကိုလာလည်တဲ့သူတိုင်းသွားသင့်တယ့်နေရာတစ်ခုပါ။ အီမာရတီတွေရဲ့ စစ်မှန်တဲ့ဘ၀၊ ရိုးရာအသွင်အပြင်နဲ့ အလှအပတွေကို ခံစားဖို့ ခရီးသွားတွေအတွက် ဖန်တီးထားတဲ့ Arabian Nights Village ဆိုတဲ့ သဲကန္တာရတောင်ကုန်းတွေကြားထဲမှာ၀ှက်ထားတဲ့ ဟိုတယ်တစ်ခု တစ်နည်းပြောရရင် နှစ်လိုဖွယ်ပုံပြင်ဟောင်းထဲကရွာတစ်ရွာကိုရောက်ပြီး ကိုယ်တိုင်ပုံပြင်ထဲက ဇာတ်ကောင်လိုခံစားစေနိုင်တဲ့နေရာ။  ကင်းမျှော်စင်နှစ်ခု ခြံဝင်းထဲ၀င်လာရင်ပထမဆုံးတွေ့ရမှာက ရိုးရာပုံစံ ကင်းမျှော်စင်နှစ်ခုပါ။ Zakher (ဇခ်ခါ)နဲ့ Al Manhal(အယ်လ် မန်ဟာလ်) ဆိုပြီး ယူအေ အီးနိုင်ငံ တည်ထောင် ခဲ့သူ ကွယ်လွန်သွားတဲ့  Sheikh Zayed Bin Sultan Al Nahyan( ရှိတ် ဇေးဒ် ဘင် စူလတန် အယ်နာဟိုင်ယန်) ရဲ့နေအိမ်များအဖြစ် နံမည်ပေးခဲ့တယ်။ တည်းခိုရာနေရာလေးမျိုး Bedouin လူမျိုးတွေနေထိုင်တဲ့ပုံစံ တ...