Skip to main content

ယူအေအီးနိုင်ငံ၏ စီးပွားရေး

ယူအေအီးနိုင်ငံသည် GCC (gulf cooperation council) သို့မဟုတ် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး  အဖွဲ့ဝင် နိုင်ငံများတွင် ဆော်ဒီအာရေဗျ   နိုင်ငံ    ပြီးလျှင် ဒုတိယ မြောက် အကြီးဆုံး စီးပွားရေး     ရှိသော   နိုင်ငံ  ဖြစ်ပြီး  ၂၀၁၂   ခုနှစ်တွင်  စုစု ပေါင်း ပြည်တွင်း ထုတ်ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၇၇ ဘီလီယံ (၁.၃၈ ထရီလီယံ  အီမရိတ်   ဒါဟမ်) မျှ ရှိသည်။   ၁၉၇၁ ခုနှစ်  လွတ်လပ်ရေး   ရခဲ့သည့် အချိန်မှစ၍ ယူအေအီး၏ စီးပွားရေးသည် ၂၃၁ ဆ တိုးတက်လာခဲ့ပြီး ၂၀၁၃   ခုနှစ်တွင် အီမရိတ်  ဒါဟမ် ၁.၄၅  ထရီလီယံမျှ  ရှိလာခဲ့သည်။   ယူအေအီးသည်  ကမ္ဘာ့ဘဏ်အုပ်စုမှ ထုတ်ဝေသော ၂၀၁၆  ခုနှစ် အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင်  စီးပွားရေး နှင့်  အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအရ စီးပွားရေး လုပ်ရန် အကောင်းဆုံးနိုင်ငံများတွင် အဆင့် ၃၁ နေရာမှ ဖော်ပြခြင်း ခံထားရသည့်နိုင်ငံဖြစ်သည်။

ယူအေအီးသည် GCC နိုင်ငံများတွင် စီးပွားရေး အားဖြင့် နယ်ပယ် အစုံဆုံး ဖြစ်သော်လည်း ယူအေအီး၏ စီးပွားရေးမှာ ရေနံ အပေါ်တွင်သာ မှီခိုနေရဆဲ ဖြစ်သည်။ ဒူဘိုင်းမှ လွဲ၍ ယူအေအီး၏ အခြားဒေသများမှ ရေနံမှရသော အမြတ်ငွေပေါ်တွင်မှာ မှီခိုနေရသည်။ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့တို့သည် စီးပွားရေးတွင် ပင်မအခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ပြီး အထူးသဖြင့် အဘူဒါဘီ အတွက်ဖြစ်သည်။ အဘူဒါဘီနှင့် အခြားသော ယူအေအီး စော်ဘွားနယ်တို့သည် စီးပွားရေး နယ်ပယ် ဖြန့်ကျက်ရာတွင် ထိန်းသိမ်း လုပ်ဆောင်ကြသော်လည်း ရေနံ နည်းပါးသည့် ဒူဘိုင်းသည် စီးပွားရေးနယ်ပယ် ဖြန့်ကျက်ရာတွင် ပိုမို ရဲတင်းစွာ လုပ်ဆောင်လေ့ ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ရေနံ တင်ပို့မှုသည် ယူအေအီး နိုင်ငံ ဘတ်ဂျက်၏ ၇၇% မျှ ရှိခဲ့သည်။  စီးပွားရေး နယ်ပယ် ဖြန့်ကျက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းမှ ဂျီဒီပီအား ရေနံ တင်ပို့မှုပေါ်သို့ မှီခိုနေခြင်းအား ၂၅% အထိလျှော့ချနိုင်မည် ဖြစ်သည်။

ဒူဘိုင်းသည် ၂၀၀၇-၂၀၁၀ စီးပွားရေး အကျပ်အတည်းတွင် ထိခိုက်ခဲ့ပြီး အဘူဒါဘီ၏ ရေနံကြွယ်ဝမှုဖြင့် ထောက်ပံ့ပေးထားနိုင်ခဲ့သည်။ ဒူဘိုင်းသည် ဘက်ညီ ဘတ်ဂျက် ရှိသဖြင့် စီးပွားရေးတိုးတက်မှုကို ညွှန်ပြလျက် ရှိသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ယူအေအီး၏စီးပွားရေး တစ်ခုလုံးအတွက်တိုးတက်မှု ပြနေသည့်ကဏ္ဍဖြစ်သည်။ ဒူဘိုင်းသည် အရှေ့အလယ်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားတို့ အများဆုံးလာရောက် လည်ပတ်ရာ နေရာဖြစ်သည်။ Master Card ၏ နှစ်စဉ် ကမ္ဘာတဝှမ်း အရောက်သွားရာ မြို့တော်များ ညွှန်းကိန်း၌ ဒူဘိုင်းသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီသွားတို့အတွက်ပဉ္စမမြောက် ရေပန်းအစားဆုံး နေရာဖြစ်သည်။  ဒူဘိုင်းသည် ယူအေအီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စီးပွားရေး၏ ၆၆% ကို ရယူထားပြီး အဘူဒါဘီမှာ ၁၆% နှင့် ရှာဂျာမှာ ၁၀% တို့ အသီးသီး ဖြစ်ကြသည်။ ဒူဘိုင်းသည် ၂၀၁၃ တွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၁၀ သန်းကို လက်ခံခဲ့သည်။

ယူအေအီးတွင် ဒေသအတွင်း၌ အတိုးတက်ဆုံးနှင့် အဆင့်မြင့်ဆုံး အခြေခံ အဆောက်အဦးပေါင်းများစွာ ရှိသည်။  ၁၉၈၀ ခုနှစ်များမှစ၍ ယူအေအီးသည် အခြေခံအဆောက်အဦးများအတွက် ဒေါ်လာဘီလီယံပေါင်း မြောက်များစွာသုံးစွဲခဲ့သည်။            ထိုတိုးတက်မှုများမှာ စော်ဘွားနယ် အကြီးများဖြစ်သော အဘူဒါဘီနှင့် ဒူဘိုင်းတို့တွင် ပို၍ ထင်ရှားသည်။ မြောက်ဘက်ပိုင်းရှိ စော်ဘွားနယ်များမှာလည်း နောက်မှလိုက်လာလျက်ရှိနေကြပြီး လူနေရန်နှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်သူများကို အဓိကအခွင့်အရေးများပြန်လည် ပေးအပ်လျက်ရှိသည်။

အစိုးရ၏ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော ဒူဘိုင်းဝေါလ်မှ အကြွေးပေးရန် အချိန်ဆွဲသည့် အခါတွင် ဒူဘိုင်းရှိ အိမ်ခြံမြေဈေးများ သိသိသာသာ ကျဆင်းခဲ့သည်။ စီးပွားရေးမှာ နိုင်ငံခြား အလုပ်သမားများ နှင့်ပင် ရပ်တည်နေရပြီး အီမရိတ် အလုပ်သမား များဖြင့် အစားထိုးရန် ကြိုးစားခြင်းမှာလည်း ကောင်းကျိုး အနည်းငယ်သာ ရရှိသည်ကို တွေ့ရသည်။

ယူအေအီး ဥပဒေတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခြင်းကို ခွင့်ပြုမထားပေ။  စုပေါင်း၍ ညှိနှိုင်းခွင့်နှင့် စုပေါင်း၍ ဆန္ဒပြခွင့်တို့ကိုလည်း အသိအမှတ် ပြုမထားပေ။ အလုပ်သမား ဝန်ကြီးဌာနသည် အလုပ်သမားများအား အလုပ်ခွင်တွင် အတင်းအကျပ် ပြန်ဆင်းခိုင်းရန် အတွက်အခွင့် အာဏာရှိသည်။ ဆန္ဒပြခြင်းတွင် ပါဝင်သော ရွှေ့ပြောင်း အလုပ်သမားများမှာ ၎င်းတို့၏ အလုပ်လုပ်ခွင့် ပါမစ်ကို ရုပ်သိမ်းခြင်းခံရပြီး ပြန်ပို့ ခံရလေ့ ရှိသည်။  ထိုမျှသာမက အလုပ်သမား အရေးများနှင့် စပ်လျဉ်းပါက ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် ဥပဒေ လွန်စွာ နည်းပါးသေးသည်။ အများပြည်သူဆိုင်ရာ ကဏ္ဍရှိ အလုပ်နေရာများတွင် အီမရိတ်သားများ နှင့် အခြား ဂျီစီစီ အာရပ်နိုင်ငံသားများ နှိုင်းယှဉ်ပါက ယှဉ်ပြိုင်သူများလောက် အရည်အချင်း သို့မဟုတ် လုပ်ကိုင်ချင်စိတ် မရှိသော်လည်း အီမရိတ် နိုင်ငံသား များကို ဦးစားပေး ခန့်ထားလေ့ရှိသည်။ (၂၀၂၂ ဖေဖေါ်ဝါရီလ မှစတင်ပြီး အလုပ်သမား ဥပဒေ အသစ်တွင် ထိုမကောင်းသော ဥပဒေများကို ပယ်ဖျက်ပြင်ဆင်ပြီးစီး ပြီးဖြစ်သည်)

အမှန်တကယ်တွင် အီမရိတ် နိုင်ငံသား အလုပ်သမား ၈၀ ရာခိုင်နှုန်း ကျော်သည် အစိုးရ ရာထူး/လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး ကျန်သူများထဲမှ အတော်များများမှာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဖြစ်သော အီမရိတ် လေကြောင်းလိုင်း နှင့် ဒူဘိုင်း အိမ်ရာ တို့တွင် ဝင်ရောက်လုပ်ကိုင် နေကြသည်။

အကောင်းဘက်မှ ပြောရမည်ဆိုလျှင် လတ်တလော Bayt.com ၏ စစ်တမ်းအရ ယူအေအီးတွင် အလုပ်လုပ်ကိုင်နေသော     ပရော်ဖက်ရှင်နယ် ၅၆% မှာ နိုင်ငံ၏ စီးပွားရေး တိုးတက်လာလိမ့်မည်ဟု ယူဆလျက် ရှိကြသည်။



ယူအေအီးသည်    expo ၂၀၂၀   ကို      ဒူဘိုင်းတွင် ကျင်းပရန် အတွက်   အခြား နိုင်ငံများနှင့်  ယှဉ်ပြိုင်    တင်သွင်း    ရာတွင် အောင်မြင်  ခဲ့ပြီး ထိုသို့ အောင်မြင်ခဲ့ခြင်းမှာ ဒေသအတွင်းတွင် ယခင်က မရှိခဲ့ဖူးသော ကိစ္စတရပ်ပင် ဖြစ် သည်။ ကမ္ဘာ့ expo သည် ကမ္ဘာ့တဝှမ်းမှ လူများ တွေ့ဆုံ၍  ဆန်းသစ်တီထွင်မှုများကို ဝေမျှခြင်းနှင့် ကမ္ဘာ့စီးပွားရေး၊ အစဉ်တ စိုက် ထိန်းသိမ်းနိုင်သော ဖွံ့ဖြိုးမှုများ နှင့် ဘဝ အရည်အသွေးကို တိုးမြှင့်ခြင်း အစရှိသာ   ကိစ္စရပ်များတွင်လည်း   ရှေ့ဆက်ရန်  ဆွေးနွေးတိုင်ပင်သော ပွဲတစ်ခု ဖြစ်သည်။   ကမ္ဘာ့အိတ်စပိုများသည် စီးပွားရေး၊ ယဉ်ကျေးမှု နှင့် လူမှုရေး ပြောင်းလဲ တိုးတက်မှုများ    အတွက် အထောက်အကူ ဖြစ်စေပြီး အိမ်ရှင်နိုင်ငံ နှင် အိမ်ရှင်မြို့ တို့အတွက် အမှတ်ရစရာ အမွေ တစ်ခုအဖြစ် ကျန်ရစ်ခဲ့စေသည့်အတွက် ယူအေအီးသည် သမိုင်းမှတ်တိုင်တစ်ခု ထုထောင်နိုင်ခဲ့ပြီးဖြစ်သည်။


UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like share နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။ 
MMT(minmyanmartravel) ရဲ့ YouTube ကိုလည်း Like Share နဲ့ Subscribe လေးတွေ လုပ်ပေးကြဖို့တောင်းဆိုပါတယ်နော် 💗 အလုပ်အကိုင်အသစ်တွေနဲ့ ခရီးသွား video လေးတွေကို စဥ်ဆက်မပြက်တင်ဆက်ပေးသွားပါမယ်။

ကိုးကားချက်; wikipediauae

Comments

Popular posts from this blog

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...