Skip to main content

အဘူဒါဘီမြို့




အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။

၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။

အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။

အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့မို့ ခရီးသွားတွေကြိုက်နှစ်သက်တဲ့ မြို့လဲဖြစ်ပါတယ်။

UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။


Comments