ယူအေအီးနိုင်ငံသည် GCC (gulf cooperation council) သို့မဟုတ် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများတွင် ဆော်ဒီအာရေဗျ နိုင်ငံ ပြီးလျှင် ဒုတိယ မြောက် အကြီးဆုံး စီးပွားရေး ရှိသော နိုင်ငံ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စုစု ပေါင်း ပြည်တွင်း ထုတ်ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၇၇ ဘီလီယံ (၁.၃၈ ထရီလီယံ အီမရိတ် ဒါဟမ်) မျှ ရှိသည်။ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး ရခဲ့သည့် အချိန်မှစ၍ ယူအေအီး၏ စီးပွားရေးသည် ၂၃၁ ဆ တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အီမရိတ် ဒါဟမ် ၁.၄၅ ထရီလီယံမျှ ရှိလာခဲ့သည်။ ယူအေအီးသည် ကမ္ဘာ့ဘဏ်အုပ်စုမှ ထုတ်ဝေသော ၂၀၁၆ ခုနှစ် အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင် စီးပွားရေး နှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအရ စီးပွားရေး လုပ်ရန် အကောင်းဆုံးနိုင်ငံများတွင် အဆင့် ၃၁ နေရာမှ ဖော်ပြခြင်း ခံထားရသည့်နိုင်ငံဖြစ်သည်။ ယူအေအီးသည် GCC နိုင်ငံများတွင် စီးပွားရေး အားဖြင့် နယ်ပယ် အစုံဆုံး ဖ...
uae visa service and world travel section