Skip to main content

Posts

၂၀၂၂ ဖေဖေါ်ဝါရီလ တွင် စတင် အသက်ဝင်လာမယ့် UAE အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ အသစ်

  ၂၀၂၂ ဖေဖေါ်ဝါရီလ မှာ စတင်ကျင့်သုံးမယ့် UAE ရဲ့ အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ UAE အလုပ် သမား ဥပဒေ အမှတ် ၂၀၂၁ အပိုဒ် ၉ ပုဒ်မ ၃၃ အောက်ပါအတိုင်း အစမ်းခန့် ကာလနှင့် ၎င်းနှင့် ပတ်သက်သော ဥပဒေများကို ဖော်ပြထားပါသည်။ အစမ်းခန့် ကာလသည် အများဆုံး ခြောက်လတာ ကာလ အတွက် ဖြစ်နိုင်သည်။ အလုပ်ရှင်သည် အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်ချင်ုလျှင် ၎င်းအလုပ်သမား ကို ၁၄ ရက် ကြိုတင် အသိပေး( 14 days notice) ပေးရန်လိုအပ်သည်။ အလားတူ အလုပ်သမားတစ်ယောက်သည်လည်း UAE ကနေ ထွက်ခွာချင်လျှင် ၁၄ ရက်ကြိုတင် အသိပေးရမည်ဖြစ်သည်။ အလုပ်သမားသည် ၃ လ တာကာလအတွင်း UAE Work Permit ကို မရနိုင်ကြောင်းနှင့် သူသည် ထွက်ခွာချိန် ၃ လ အတွင်း အလုပ်တစ်ခု ရရှိခဲ့လျှင် သူ၏ အလုပ်ရှင်အသစ်သည် အလုပ်ရှင်ဟောင်းအား စုဆောင်းရေး ကုန်ကျစရိတ်များကို ပေးဆောင်ရန် လိုအပ်သည်။ အလုပ်သမားသည် အလုပ်ပြောင်းရန် ဆန္ဒရှိလျှင် သူသည် တစ်လ ကြိုတင် သတိပေး (one month notice) ရန်လိုအပ်ပြီး သူ၏ အလုပ်ရှင် အသစ် သည် အလုပ်ရှင်ဟောင်း၏ အလုပ်သမားခေါ်ယူမှု ကုန်ကျစရိတ်များကို ပေးချေရမည်ဖြစ်သည်။ အသိပေးကာလကို လိုက်နာမှု မရှိသည့် အလုပ်ရှင်/ အလုပ်သမားသည် အသိပေးကာလ၏ အလုပ်သမ...

ယူအေအီးနိုင်ငံ၏ ယဉ်ကျေးမှု

  အီမရိတ် ယဉ်ကျေးမှုသည် အာရပ် ယဉ်ကျေးမှု ပေါ်တွင် အခြေခံထားပြီး ပါရှား၊ အိန္ဒိယ နှင့် အရှေ့အာဖရိက ယဉ်ကျေးမှုတို့မှလည်း လွှမ်းမိုးမှု ရှိသည်။   အာရပ် နှင့် ပါရှား ပုံစံယူထားသော ဗိသုကာ လက်ရာတို့မှာ ဒေသခံ အီမရိတ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ပြဆိုနေခြင်းပင် ဖြစ်သည်။   အီမရိတ် ယဉ်ကျေးမှုတွင် ပါရှား ယဉ်ကျေးမှု အငွေ့အသက်များ ဖုံးလွမ်းနေသည်ကို ရိုးရာ အီမရိတ် ဗိသုကာ လက်ရာများနှင့် ကျေးလက် အနုပညာတို့တွင် သိသာစွာ တွေ့နိုင်သည်။     ဥပမာအားဖြင့် ဘာဂျီးလ် ( barjeel  )  ခေါ် လေခံများမှာ ရိုးရာ အီမရိတ် ဗိသုကာ ပညာ၏ အမှတ်အသား တစ်ခု ဖြစ်ပြီး ပါရှား ဗိသုကာ၏ ဩဇာ သက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အမျိုးမျိုး ကွဲပြားနေသော လူ့အဖွဲ့အစည်း ရှိသည်။    အများပြည်သူ အားလပ်ရပ်များတွင် ရာမဒန် ဥပုသ်လ ကုန်ဆုံးသည့် နေ့ဖြစ်သော အစ်ဒ် နေ့ နှင့် အမျိုးသားနေ့ သို့မဟုတ် အာရပ်စော်ဘွားများ ပြည်ထောင်စုကို စတင်တည်ထောင်သည့် နေ့ ဒီဇင်ဘာ ၂ ရက် တို့ သည် အဓိက အားလပ်ရက်များဖြစ်ကြသည်။    အီမရိတ်အမျိုးသားများမှာ ခြေချင်းဝတ်ထိ ရှည်လျားပြီး အဖြူရောင် သိုးမွေး ...

ယူအေအီးနိုင်ငံ၏ စီးပွားရေး

ယူအေအီးနိုင်ငံသည် GCC (gulf cooperation council) သို့မဟုတ် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး  အဖွဲ့ဝင် နိုင်ငံများတွင် ဆော်ဒီအာရေဗျ   နိုင်ငံ    ပြီးလျှင် ဒုတိယ မြောက် အကြီးဆုံး စီးပွားရေး     ရှိသော   နိုင်ငံ  ဖြစ်ပြီး     ၂၀၁၂   ခုနှစ်တွင်  စုစု ပေါင်း ပြည်တွင်း ထုတ်ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၇၇ ဘီလီယံ (၁.၃၈ ထရီလီယံ  အီမရိတ်   ဒါဟမ်) မျှ ရှိသည်။     ၁၉၇၁ ခုနှစ်  လွတ်လပ်ရေး   ရခဲ့သည့် အချိန်မှစ၍ ယူအေအီး၏ စီးပွားရေးသည် ၂၃၁ ဆ တိုးတက်လာခဲ့ပြီး ၂၀၁၃   ခုနှစ်တွင် အီမရိတ်  ဒါဟမ် ၁.၄၅  ထရီလီယံမျှ  ရှိလာခဲ့သည်။      ယူအေအီးသည်  ကမ္ဘာ့ဘဏ်အုပ်စုမှ ထုတ်ဝေသော ၂၀၁၆  ခုနှစ် အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင်  စီးပွားရေး နှင့်  အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအရ စီးပွားရေး လုပ်ရန် အကောင်းဆုံးနိုင်ငံများတွင် အဆင့် ၃၁ နေရာမှ ဖော်ပြခြင်း ခံထားရသည့်နိုင်ငံဖြစ်သည်။ ယူအေအီးသည် GCC နိုင်ငံများတွင် စီးပွားရေး အားဖြင့် နယ်ပယ် အစုံဆုံး ဖ...

ယူအေအီး နိုင်ငံသမိုင်း

၂၀၂၁ ဒီဇင်ဘာလ ၂ ရက်ဟာ ယူအေအီးနိုင်ငံကိုတည်ထောင်ခဲ့တာ ရွှေရတု အထိမ်းအမှတ် နှစ် ၅၀  ပြည့်မြောက်ခဲ့ပြီး  တိုးတက်မှုတို့ဖြင့် ထွန်းပနေသော ခေတ်မီနိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိနေလေပြီ။ နှစ်ပေါင်း ၅၀ အတွင်း ပုလဲငုပ်တဲ့ ငါးဖမ်းခဲ့တဲ့ ဆင်းရဲတဲ့နိုင်ငံလေးကနေ အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်အောင် ရေနံ တစ်ခုတည်းက ကူညီပေးခဲ့တာ မဟုတ်ပဲ အနာဂတ်အမျှော်အမြင် စီးပွားရေးပန်းတိုင်နဲ့ ဥပဒေတွေကနိုင်ငံကို တိုးတက်အောင် ပြုလုပ်ပေးခဲ့ပြီး သဲကန္တာရ မှနေ မိုးမျှော် အဆောက်အဦးပေါင်းများစွာပိုင်ဆိုင်တဲ့ နိုင်ငံရဲ့သမိုင်းကြောင်းဟာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ကြမ်းတမ်းသေ ာ သဲကန္တာရ ပတ်ဝန်းကျင်မှ နေ၍ လှည့်လည်သွားလာနေသော လူမျိုးစုများ ဖြစ်ကြပြီး အသက်ရှင်နေထိုင်ရေး အတွက် တိရစ္ဆာန် မွေးမြူခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်း စသည့် အမျိုးမျိုးသော အလုပ်များကို လုပ်ကိုင်ကြသည်။ ထိုအုပ်စုတို့ ရာသီအလိုက် ပြောင်းရွှေ့နေထိုင်မှုမှ စ၍ အုပ်စုအချင်းချင်း မကြာခဏ ပဋိပက္ခ ဖြစ်ပွာလေ့ ရှိရာမှ ရာသီ အလိုက် သို့မဟုတ် ရာသီတစ်ခု ၏ တစိတ်တဒေသ နေထိုင်ရာ နေရာများ ရှိလာခဲ့ကြသည်။ ၎င်းတို့၏ လူမျိုးစု အဖွဲ့များကို ဖွဲ့စည်းကြပြီး အဘူဒါဘီ...