၂၀၂၂ ဖေဖေါ်ဝါရီလ မှာ စတင်ကျင့်သုံးမယ့် UAE ရဲ့ အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ UAE အလုပ် သမား ဥပဒေ အမှတ် ၂၀၂၁ အပိုဒ် ၉ ပုဒ်မ ၃၃ အောက်ပါအတိုင်း အစမ်းခန့် ကာလနှင့် ၎င်းနှင့် ပတ်သက်သော ဥပဒေများကို ဖော်ပြထားပါသည်။ အစမ်းခန့် ကာလသည် အများဆုံး ခြောက်လတာ ကာလ အတွက် ဖြစ်နိုင်သည်။ အလုပ်ရှင်သည် အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်ချင်ုလျှင် ၎င်းအလုပ်သမား ကို ၁၄ ရက် ကြိုတင် အသိပေး( 14 days notice) ပေးရန်လိုအပ်သည်။ အလားတူ အလုပ်သမားတစ်ယောက်သည်လည်း UAE ကနေ ထွက်ခွာချင်လျှင် ၁၄ ရက်ကြိုတင် အသိပေးရမည်ဖြစ်သည်။ အလုပ်သမားသည် ၃ လ တာကာလအတွင်း UAE Work Permit ကို မရနိုင်ကြောင်းနှင့် သူသည် ထွက်ခွာချိန် ၃ လ အတွင်း အလုပ်တစ်ခု ရရှိခဲ့လျှင် သူ၏ အလုပ်ရှင်အသစ်သည် အလုပ်ရှင်ဟောင်းအား စုဆောင်းရေး ကုန်ကျစရိတ်များကို ပေးဆောင်ရန် လိုအပ်သည်။ အလုပ်သမားသည် အလုပ်ပြောင်းရန် ဆန္ဒရှိလျှင် သူသည် တစ်လ ကြိုတင် သတိပေး (one month notice) ရန်လိုအပ်ပြီး သူ၏ အလုပ်ရှင် အသစ် သည် အလုပ်ရှင်ဟောင်း၏ အလုပ်သမားခေါ်ယူမှု ကုန်ကျစရိတ်များကို ပေးချေရမည်ဖြစ်သည်။ အသိပေးကာလကို လိုက်နာမှု မရှိသည့် အလုပ်ရှင်/ အလုပ်သမားသည် အသိပေးကာလ၏ အလုပ်သမ...
uae visa service and world travel section