ယူအေအီးကိုရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုက အဘူဒါဘီရဲ့ သမိုင်း၀င်မှတ်တိုင်တစ်ခုဖြစ်တဲ့ Sir Bani Yas Island (ဆာ ဘန်နီယာ့စ်ကျွန်း)ပဲဖြစ်ပါတယ်။ ဒီကျွန်းကို ဒူဘိုင်းကနေလာရင် ၃၀၀ကီလိုမီတာလောက်ဝေးပြီး အဘူဒါဘီမြို့ကနေဆိုရင်တော့ ၂၀၀ကီလိုမီတာ
နီးပါးလောက်ဝေးပါတယ်။မြို့ပြရဲ့ မွမ်းကျပ်မှုတွေကနေရုန်းထွက်ပြီး သဘာဝနဲ့ခေတ္တခဏ အသားတကျနေချင်သူတွေအတွက်တော့ လုံးဝ ဧဒင်ဥယျာဥ်ကြီးတစ်ခုဆိုလဲ မမှားတဲ့ နေရာပေါ့။
Sir Bani Yas Island (ဆာ ဘန်နီ ယက်စ်ကျွန်း) ဟာ Al Dhafra (ယူအေအီးနိုင်ငံ အနောက်ပိုင်းဒေသ လွတ်လပ်နေတဲ့ ကန္တာရလွင်ပြင်ကြီး) ဒေသကြီးထဲက ကျွန်းကြီး ရှစ်ကျွန်းထဲက တစ်ကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာမြင်တွေ့ရမှာကတော့ သမိုင်းဝင်နေရာတွေ၊ အထိန်းအမှတ်ကျောက်တုံးတွေနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝအတိုင်းနေထိုင်ကျက်စားနေပုံတွေအပြင် မိသားစုအလိုက်စွန့်စားခန်းဖွင့်နိုင်တဲ့ စိတ်လှုပ်ရှားစရာနည်းလမ်းတွေ ကြယ်ငါးပွင့်ဟိုတယ်နဲ့ အဆင့်မြင့်ဗီလာ အဆောက်အဦးတွေ အပြင်အခြားစိတ်ဝင်တစားလေ့လာစရာတွေ အများကြီးကိုလဲ တွေ့ရမှာပါ။
ကမ္ဘာ့ဦးဆောင်သော ရေရှည်တည်တံ့မှု ခရီးသွားပန်းတိုင်ဆု အဖြစ် ၂၀၁၄ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကဆုချီးမြင့်ခြင်းခံရတဲ့ဒီကျွန်းရဲ့ ထက်ဝက်ကျော်ကျော်ဟာ အာရေဗျ တောရိုင်းတိရစ္ဆာန်ဥယျာဥ် ဖြစ်ပြီး အာရေဗျ ဆိတ်သမင်၊ ဂဇဲသမင်၊ သစ်ကုလားအုပ်၊ ခွေးအတွေနဲ့ ချီတာကျားသစ်အပါအဝင် လွတ်လပ်စွာနေထိုင်နေတဲ့ တိရစ္ဆာန်ပေါင်း ၁၇,၀၀၀ ကျော်က နေရာယူထားပါတယ်။
ဒီရှေးဟောင်းကျွန်းဟာ ယူအေအီးရဲ့ တစ်ခုတည်းသော ရှာဖွေတွေ့ ရှိခဲ့သော ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဆိုလည်းမမှားနိုင်ပါဘူး၊ သက္ကရာဇ် ၆၀၀ ဝန်းကျင်လောက်က တည်ဆောက်ခဲ့ပြီး သက္ကရာဇ်၇၅၀ခုနှစ် လောက်မှာ စွန့်ပစ်ထားခဲ့တယ်လို့ ယူဆရပြီး ၁၉၉၂ ခုနှစ်တွင် တူးဖော်စဉ်အတွင်း ဘုန်းကြီးကျောင်းကို ပြန်လည်ရှာဖွေတူးဖော်ခဲ့ကြပါတယ်။
ခရီးသွားဧည့်သည်တွေအတွက် wildlife safaris ကိုခံစားဖို့ အထူးပြုလုပ်ထားတဲ့ လမ်းကြမ်းသုံးကားတွေအပြင် ဧည့်လမ်းညွှန်တွေလည်းရှိပြီး ခြေလျင်ခရီးဖြစ်ဖြစ်၊ မြင်းစီးပြီးပဲဖြစ်ဖြစ်၊ စက်ဘီးစီးပြီးပဲဖြစ်ဖြစ် မိသားစုအလိုက်ကျွန်းပေါ်မှာလည်ပတ်နိုင်ပြီး အကယ်၍ကျွန်းကို ပိုပြီး အသေးစိတ်စူးစမ်းချင်လို့ ကိုယ်ပိုင်ခရီးစဉ်တစ်ခု ရှာဖွေနေတယ်ဆိုရင်၊ အဘူဒါဘီမြို့မှာရှိတယ့် ဟိုတယ်
Danat Resort Jebel Dhanna မေးမြန်းစုံစမ်း bookingလုပ်နိုင်ပါတယ်။
ကျွန်းပေါ်မှာ Anantara Hotels & Resorts သုံးခု အပြင် ကြယ်ငါးပွင့် ဇိမ်ခံအပန်းဖြေစခန်းနဲ့ မျက်စိတစ်ဆုံးကမ်းခြေအလှ သဘာဝတောရိုင်းတိရစ္ဆာန်ဥယျာဥ်နဲ့ outdoor camp ဆာလောင်နေသူတို့အတွက် Sir Bani Yas Island လုံးဝသွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
တည်နေရာ
Sir Baniyas Island - Google Maps
UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like share နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။ MMT(minmyanmartravel) ရဲ့ YouTube ကိုလည်း Like Share နဲ့ Subscribe လေးတွေ လုပ်ပေးကြဖို့တောင်းဆိုပါတယ်နော် 💗 အလုပ်အကိုင်အသစ်တွေနဲ့ ခရီးသွား video လေးတွေကို စဥ်ဆက်မပြက်တင်ဆက်ပေးသွားပါမယ်။
ဓာတ်ပုံမူရင်း။ visitabudhabi.com
Comments
Post a Comment