Skip to main content

ထောင့်တစ်ညပုံပြင်ရွာ (Arabian Nights Village)


 



ဒဏ္ဍာရီလာ ပုံပြင်တွေထဲက ကျွန်တော်တို့တွေနဲ့ မစိမ်းလွန်းတဲ့ နံမည်လေးနဲ့၊ နေရာနဲ့ ရှုခင်းတွေကလည်း ရင်သပ်ရှုမောဖွယ်ကောင်းပြီး မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ခဏတာလွတ်မြောက်ချင်သူတွေအတွက် Al Ain နဲ့ Abu Dhabi မြို့ပြင် သဲကန္တာရ အစပ်က Arabian Nights Village ( ထောင့်တစ်ညပုံပြင်ရွာ) လေးက UAE ကိုလာလည်တဲ့သူတိုင်းသွားသင့်တယ့်နေရာတစ်ခုပါ။



အီမာရတီတွေရဲ့ စစ်မှန်တဲ့ဘ၀၊ ရိုးရာအသွင်အပြင်နဲ့ အလှအပတွေကို ခံစားဖို့ ခရီးသွားတွေအတွက် ဖန်တီးထားတဲ့ Arabian Nights Village ဆိုတဲ့ သဲကန္တာရတောင်ကုန်းတွေကြားထဲမှာ၀ှက်ထားတဲ့ ဟိုတယ်တစ်ခု တစ်နည်းပြောရရင် နှစ်လိုဖွယ်ပုံပြင်ဟောင်းထဲကရွာတစ်ရွာကိုရောက်ပြီး ကိုယ်တိုင်ပုံပြင်ထဲက ဇာတ်ကောင်လိုခံစားစေနိုင်တဲ့နေရာ။ 


ကင်းမျှော်စင်နှစ်ခု

ခြံဝင်းထဲ၀င်လာရင်ပထမဆုံးတွေ့ရမှာက ရိုးရာပုံစံ ကင်းမျှော်စင်နှစ်ခုပါ။ Zakher (ဇခ်ခါ)နဲ့ Al Manhal(အယ်လ် မန်ဟာလ်) ဆိုပြီး ယူအေအီးနိုင်ငံ တည်ထောင် ခဲ့သူ ကွယ်လွန်သွားတဲ့ Sheikh Zayed Bin Sultan Al Nahyan(ရှိတ် ဇေးဒ် ဘင် စူလတန် အယ်နာဟိုင်ယန်) ရဲ့နေအိမ်များအဖြစ် နံမည်ပေးခဲ့တယ်။

တည်းခိုရာနေရာလေးမျိုး




Bedouin လူမျိုးတွေနေထိုင်တဲ့ပုံစံ တဲများ၊ စွန်ပလွံပင် အိမ်များ၊ သဲကန္တာရ အိမ်များ နှင့် ရဲတိုက် ဆိုပြီးတည်းခိုစရာလေးမျိုးမှာ တစ်ခုချင်းဆီက ထူးခြားပြီးစစ်မှန်တဲ့ အာရေဗျလူမျိုးတွေရဲ့ တကယ့်နေထိုင်မှုပုံစံနဲ့ စိတ်ရင်းသဘောထားတွေဟာ အဘူဒါဘီရဲ့ ခမ်းနားတဲ့ယဥ်ကျေးမှုကိုထင်ဟပ်စေပြီး အီမရိတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့အတိတ်ကို သယ်ဆောင်ပေးနေသလိုမျိုး ခံစားစေရမှာပါ။


စိတ်လှုပ်ရှားစရာ

                 

                                           
ဒီမှာ စိတ်လှုပ်ရှားစရာ အားကစားနည်းတွေဟာလဲ ဧည့်သည်တွေအတွက် အသက်အရွယ်အပိုင်းအခြားအလိုက် ပုံစံအများကြီးရှိပါတယ်။ ကုလားအုတ်စီးခြင်းကနေ သဲသောင်ပြင်စီး buggy bike တွေအထိ၊ နံနက်ပိုင်း ဆာဖာရီမှသည် ကုလားအုတ်ပြိုင်ပွဲတွေအထိ၊ မြင့်မားလွန်းတဲ့ သဲတောင်များပေါ်ကို စွန့်စားတက် ရောက်ခြင်း၊ သဲလွှာလျှောစီးခြင်း၊ အရည်အချင်းပြည့်မီတဲ့ ကန္တာရယာဉ်မောင်းများနဲ့ အသည်းတလှပ်လှပ်ဖြစ်စေမယ့် ကန္တာရကားစီးခြင်း စသဖြင့် တခြားစိတ်၀င်စားစရာ  အားကစားနည်းတွေလဲ ရှိပါသေးတယ်။

စိတ်ကူးယဉ်ဆန်ဆန် ရိုချင်တဲ့ စုံတွဲတွေအတွက်လည်း အထူးအစီအစဥ်တွေရှိလို့ လုံး၀သွားသင့်တဲ့ နိ‌ဗ္ဗာန်ဘုံသေးသေးလေးတစ်ခုဆိုလဲ မမှားလောက်ဘူး။






အင်တာနက်ကို အရေးပေါ်အခြေအနေအတွက်ပဲထားရှိပြီး တီဗွီလဲမရှိတာက ဧည့်သည်တွေကို အမှန်တကယ် ပတ်ဝန်းကျင် သဲကန္တာရ၏လှပမှုကို ပျော်မွေ့ဖို့ ပိုပြီးအခွင့်အရေးရစေတယ်။
ဒီကစွန့်စားခန်းနဲ့ စူးစမ်းမှုအားလုံးဟာ ဆာလောင်မွတ်သိပ်ပြီး ထမင်းစားကောင်းစေမှာကတော့ ၁၀၀ ရာခိုင်နှုံးအာမခံနေတယ်လေ။ The Al Maqam စားသောက်ဆိုင် (စုဝေးရာနေရာဟု အဓိပ္ပာယ်ရ)ဟာ အာရပ်နှင့် အပြည်ပြည်ဆိုင်ရာ အစားအစာတွေ ရရှိနိုင်ပြီး ဧည့်သည်တွေကိ ရိုးရာအာရေဗျတေးဂီတကို နားထောင်နေရင်း  အတူတကွ တွေ့ဆုံစားဖို့ ဖိတ်ခေါ်နေတယ်။

ဟိုတယ် booking လုပ်ရန်နှင့် လေ့လာရန်



UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like share နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။ 
MMT(minmyanmartravel) ရဲ့ YouTube ကိုလည်း Like Share နဲ့ Subscribe လေးတွေ လုပ်ပေးကြဖို့တောင်းဆိုပါတယ်နော် 💗 အလုပ်အကိုင်အသစ်တွေနဲ့ ခရီးသွား video လေးတွေကို စဥ်ဆက်မပြက်တင်ဆက်ပေးသွားပါမယ်။

ဓာတ်ပုံမူရင်း။ visitabudhabi.com









Comments

Popular posts from this blog

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...