Skip to main content

ကမ္ဘာ့အကြီးဆုံး ဗလီကြီးတွေစာရင်းထဲက အဘူဒါဘီမြို့က ရှီခ် ဇေးဒ် ဂရန်းဗလီ ( Sheikh Zayed Grand Mosque)

 

                                                                                                                                                                     
စွဲမက်ဖွယ်ကောင်းပြီး ခေတ်မှီလှပသော Shiekh Zayed Grand Mosque ဟာ ကမ္ဘာ့အကြီးဆုံး ဗလီတွေထဲကတစ်ခုဖြစ်ပြီး အစ္စလာမ်နဲ့တခြားကမ္ဘာ့ယဉ်ကျေးမှုတွေကြား ထူးခြားတဲ့အပြန်အလှန်ဆက်သွယ်မှုတွေကို ဖမ်းဆုပ်ထားနိုင်တဲ့ဗလီတစ်ခုဖြစ်ပါတယ်။ယူအေအီး နိုင်ငံကိုတည်ထောင်ခဲ့သူ Sheikh Zayed bin Sultan Al Nahyanဟာ ဤဗလီကြီးအတွက် မွတ်စလင်ယဉ်ကျေးမှုအသီးသီးမှ ဗိသုကာပုံစံများပါဝင်ရန်နှင့် မတူကွဲပြားသော ယဉ်ကျေးမှုများကို အမှန်တကယ်ကြိုဆို လှုံ့ဆော်ပေးသော ခိုလှုံရာနေရာတစ်ခုကိုဖန်တီးခြင်းဖြင့်ဂုဏ်ပြုရန်အဖြစ် အလွန်တိကျသော အမြင်တစ်ခုကိုအုတ်မြစ်ချပေးခဲ့သည်။


အဆိုပါဗလီ၏ ဗိသုကာများသည် အခြားအစ္စလာမ်နိုင်ငံများဖြစ်သော တူရကီ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် အီဂျစ် နိုင်ငံတို့၏ အစိတ်အပိုင်းများမှ ပုံစံယူချေးငှားထားသော ဒီဇိုင်းစိတ်ကူးများကို ဗြိတိန်၊ အီတလီနှင့် အီမာရတီ ဗိသုကာပညာရှင်တို့က အထူးတာ၀န်ယူတည်ဆောက်ခဲ့ကြပြီး နောက်ဆုံးရလဒ်မှာတော့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး တောက်ပသော ဗိသုကာဆိုင်ရာ အံ့ဖွယ်ရာတစ်ခုအဖြစ် ကမ္ဘာ့သမိုင်းမှတ်တမ်း၀င်ခဲ့ပြီးဖြစ်သည်။

ဗလီကြီး၏ ပွင့်လင်းသော မူဝါဒသည် ကမ္ဘာတစ်ဝန်းမှ ဧည့်သည်များ၊မိသားစုများ၊ အုပ်စုများမှ အုပ်စုများသို့၊ တစ်ကိုယ်တော်ခရီးသွားများအထိ ၎င်း၏အလှကို သက်သေခံရန် သာမက အီမရိတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့်ယုံကြည်မှုများကိုပါ ပိုမိုနားလည်လာရန် အားပေးသောနေရာ တစ်ခုအဖြစ် တံခါးဖွင့်ကြိုဆိုနေသောနေရာဖြစ်သည်။



ကမ္ဘာ့အကြီးဆုံးလက်ထိုးကော်ဇောကြီးအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်ထားတဲ့ကော်ဇောကြီးကိုလည်းတွေ့မြင်နိုင်ပြီး  ကြီးမားထည်၀ါလွန်းတဲ့ မီးဆိုင်းကြီးကလည်း ဗလီကြီးရဲ့ ဂုဏ်ယူစရာပြယုဒ်တစ်ခုဖြစ်ပါတယ်။
စိတ်ကြည်နူးနှစ်သက်ဖွယ်ကောင်းတဲ့ ကျောက်တိုင်ပေါင်း ၁၁၉၂ တိုင်၊ စကျင်ကျောက်ဖြူအမိုးခုံးပေါင်း ၈၂ခု၊ရောင်ပြန်ဟပ်ရေကန်များ၊ ရွှေပြားခတ်ထားတဲ့ Swarovski မီးဆိုင်းကြီးများ၊ အထင်ကရ၀တ်ပြုခန်းမ၊
ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ပန်း ပန်းချီကားတွေနဲ့ သရုပ်ဖော်ထားတဲ့ရင်ပြင်တွေဟာ ဓာတ်ပုံရိုက်ဖို့အသက်ရှူမှားလောက်အောင် အံ့ဩစရာကောင်းတဲ့ နေရာတစ်ခုအဖြစ်ရှိနေပါတယ်။
အမိုးခုံးတွေမှာရေးထားတဲ့ ကိုရမ်ကျမ်းက အခန်းငယ်များကို ရွှေစာရွက်အပေါ်မှာ An-Naskh စာလုံးဒီဇိုင်းဖြင့် ရေးဆွဲထားတဲ့ Calligraphyအနုပညာကိုလည်းကြည့်ရှုခဲ့ဖို့မမေ့ခဲ့နဲ့ဦးနော်။ 




ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာလည်း ဗလီကြီးဟာ ကိုဗစ်စည်းမျည်းစည်းကမ်းတွေနဲ့အညီ ဖွင့်လှစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက် သောကြာနေ့မှစတင်ပြီး ကိုဗစ်စည်းမျည်းအသစ်တွေချမှတ်ခဲ့ပါတယ်။
ဗလီထဲကို၀င်ရောက်လည်ပတ်မည့်သူတွေဟာ စည်းကမ်းချက်တွေကိုလိုက်နာရမှာဖြစ်ပြီး စည်းမျည်းနဲ့မကိုက်ညီသူတွေကို ၀င်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။
  • ဧည့်သည်အားလုံးဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားရမှာဖြစ်ပြီး Al Hosn App မှာ အစိမ်းရောင်ပြတဲ့သူဖြစ်ရပါမယ်။
  • အသက် ၁၆နှစ်အောက်ကလေးများနဲ့ ကာကွယ်ဆေးထိုးခြင်းမှ ကင်းလွတ်ခံရသောသူများဟာ Al Hosn App မှာ ထောက်ခံကြောင်းပြသရမှာဖြစ်ပြီး ဗလီကို လည်ပတ်ဖို့ ကြိုတင်စာရင်းသွင်းထားဖို့ တာဝန်ရှိပါတယ်။
  • ယဥ်ကျေးသင့်လျော်တဲ့ ဝတ်စားဆင်ယဥ်မှုလိုအပ်ပါတယ်။
အောက်ပါ လင့်ခ်ကိုနှိပ်ခြင်းဖြင့် အွန်လိုင်းတွင် ဝင်ရောက်ကြည့်ရှုခွင့် စာရင်းသွင်းနိုင်ပါတယ်။

တည်နေရာ


UAE နိုင်ငံရဲ့ရင်သပ်ရှုမောဖွယ် မြို့ပြအဆောက်အဦးတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အဦးတွေ၊မျက်စိတစ်ဆုံးငေးမောကြည့်ရမည့် သဲသောင်ပြင်ကြီးတွေ၊ များပြားရှည်လျားတဲ့ ကမ်းခြေ အပန်းဖြေနေရာတွေနဲ့ အားကစားလှုပ်ရှားမှုနေရာတွေကို ဆက်လက်ဖော်ပြပေးသွားပြီး အခွင့်သင့်ရင်သင့်သလို UAE ကအလုပ်အကိုင်အခွင့်အလမ်းတွေကိုလဲ ဖော်ပြပေးသွားမှာပါမို့ MMT(minmyanmartravel) ကို like share နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော်။ 
MMT(minmyanmartravel) ရဲ့ YouTube ကိုလည်း Like Share နဲ့ Subscribe လေးတွေ လုပ်ပေးကြဖို့တောင်းဆိုပါတယ်နော် 💗✌ အလုပ်အကိုင်အသစ်တွေနဲ့ ခရီးသွား video လေးတွေကို စဥ်ဆက်မပြက်တင်ဆက်ပေးသွားပါမယ်။

ဓာတ်ပုံနှင့်ကိုးကားချက်။  ။ wiki, visitabudhabi.com 

Comments

Popular posts from this blog

အဘူဒါဘီမြို့

အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲ့ မြို့တော်ဖြစ်တဲ့အပြင် ဒုတိယလူဦးရေအများဆုံး မြို့တော်လည်းဖြစ်ပါတယ်။ ပထမလူဦးရေ အများဆုံးမြို့ကတော့ ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ဒူဘိုင်းပါ။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်းအရ အဘူဒါဘီမှာနေထိုင်သူ ၂.၉သန်း အနက် ၂၀၂၀ မှာတော့ အဘူဒါဘီမြို့ပြအတွင်းမှာပဲနေထိုင်သူပေါင်း ၁.၄၈ သန်း ရှိပါတယ်။ အဘူဒါဘီဟာအနောက်ဘက်ကမ်းရိုးတန်းအလယ်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိပါတယ်။ မြို့အများစုနှင့် အာရပ်နိုင်ငံတွေကတော့ ကုန်းတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ အဘူဒါဘီမြို့တော်ဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရဲ့ နိင်ငံရေး၊ ​စီးပွားရေး၊ယဉ်ကျေးမှုနဲ့စက်မှုလုပ်ငန်းအများစုရဲ့ အချက်အချာကျတဲ့ ဗဟိုမြို့တော်ဖြစ်ပြီး အဘူဒါဘီတစ်မြို့ထဲမှာတင် SWF (sovereign wealth funds) ရဲ့စီမံခန့်ခွဲမှုလက်အောက်မှာ အမေရိကန်ဒေါ်လာ ထရီလီယံကျော် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးမြို့ စာရင်းထဲပါ၀င်ပြီး သဘာ၀ ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ green city လဲဖြစ်ပါတယ်။ အဘူဒါဘီဟာ ဒူဘိုင်းလိုပဲ လည်ပတ်စရာတွေများပြားပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ မြို့တမြို့...