မည်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ကိုမဆို မေးလိုက်လျှင် သူတို့ရဲ့ ဝက်ဘ်ဆိုက် များမှတစ်ဆင့် နေ့စဉ် လက်ခံရရှိသည့် CV ဖောင်များ အပုံအပင် ရှိသည်ဟု ပြောဆိုပေလိမ့်မည်။ အချို့သော လုပ်ငန်းများတွင် အလုပ်အကိုင်ရှာဖွေရေးအတွက် သတ်သတ်မှတ်မှတ် အခန်းကဏ္ဍများ ရှိသော် လည်း လုပ်ငန်းများအတွက် လစ်လပ်နေသော နေရာများကို ကြော်ငြာသည့် ယူအေအီး - အခြေစိုက် ဝက်ဘ်ဆိုက်များဖြစ်သော bayt.com နှင့် dubizzel.com အပြင် Gulf News သတင်းစာ ကြော်ငြာ ကဏ္ဍများ (gnads4u.com) မှလည်း စနေ၊ တနင်္ဂနွေ နေ့များမှ လွဲ၍ နေ့စဥ်နေ့တိုင်း လစ်လပ်နေရာများကို ကြော်ငြာပေးသည်။ Khaleej Time (khaleejtimes.com) ၊ The National သတင်းစာတို့တွင်လည်း ရှာဖွေတွေ့ရှိနိုင်သည်။ သင်၏ ကုမ္ပဏီ အတွက် ကောင်းမွန် သင့်တော်မည့် လျှောက်ထားသူများကို တက်ကြွစွာ ရှာဖွေပေးသော ယူအေအီး အခြေစိုက် အလုပ်သမား ရှာဖွေရေး အေဂျင်စီ အများအပြားလည်း ရှိပါသည်။ အေဂျင်စီ တစ်ခုသည် သူတို့၏ ဒေတာဘေ့စ် တွင် အလုပ်အခန်း ကဏ္ဍ လိုအပ်ချက်များနှင့် ကိုက်ညီသင့်တော်သော တုံ့ပြန်မှုများကို ဂရုတစိုက် စစ်ဆေးကာ အလုပ်သမားနှင့် အလုပ်ရှင်များအတွက် လိုအပ်ချက်များကို အခကြေးငွေယူ၍ ကူ...
၂၀၂၂ ဖေဖေါ်ဝါရီလ မှာ စတင်ကျင့်သုံးမယ့် UAE ရဲ့ အလုပ်သမား ဥပဒေ အသစ်ထဲက အစမ်းခန့် ကာလ ဥပဒေ UAE အလုပ် သမား ဥပဒေ အမှတ် ၂၀၂၁ အပိုဒ် ၉ ပုဒ်မ ၃၃ အောက်ပါအတိုင်း အစမ်းခန့် ကာလနှင့် ၎င်းနှင့် ပတ်သက်သော ဥပဒေများကို ဖော်ပြထားပါသည်။ အစမ်းခန့် ကာလသည် အများဆုံး ခြောက်လတာ ကာလ အတွက် ဖြစ်နိုင်သည်။ အလုပ်ရှင်သည် အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်ချင်ုလျှင် ၎င်းအလုပ်သမား ကို ၁၄ ရက် ကြိုတင် အသိပေး( 14 days notice) ပေးရန်လိုအပ်သည်။ အလားတူ အလုပ်သမားတစ်ယောက်သည်လည်း UAE ကနေ ထွက်ခွာချင်လျှင် ၁၄ ရက်ကြိုတင် အသိပေးရမည်ဖြစ်သည်။ အလုပ်သမားသည် ၃ လ တာကာလအတွင်း UAE Work Permit ကို မရနိုင်ကြောင်းနှင့် သူသည် ထွက်ခွာချိန် ၃ လ အတွင်း အလုပ်တစ်ခု ရရှိခဲ့လျှင် သူ၏ အလုပ်ရှင်အသစ်သည် အလုပ်ရှင်ဟောင်းအား စုဆောင်းရေး ကုန်ကျစရိတ်များကို ပေးဆောင်ရန် လိုအပ်သည်။ အလုပ်သမားသည် အလုပ်ပြောင်းရန် ဆန္ဒရှိလျှင် သူသည် တစ်လ ကြိုတင် သတိပေး (one month notice) ရန်လိုအပ်ပြီး သူ၏ အလုပ်ရှင် အသစ် သည် အလုပ်ရှင်ဟောင်း၏ အလုပ်သမားခေါ်ယူမှု ကုန်ကျစရိတ်များကို ပေးချေရမည်ဖြစ်သည်။ အသိပေးကာလကို လိုက်နာမှု မရှိသည့် အလုပ်ရှင်/ အလုပ်သမားသည် အသိပေးကာလ၏ အလုပ်သမ...